တခေတ်တခါက ပရိတ်သတ်တွေအကြား လူမုန်းစရာ အတင်းပြောတဲ့ ဇာတ်ကောင်နေရာကနေ နာမည်ကြီးကျော်ကြားခဲ့တဲ့ သရုပ်ဆောင်မင်းသမီးကြီး ခင်အေးဟန် အကြောင်း…

တခေတ်တခါက ပရိတ်သတ်တွေအကြား လူမုန်းစရာ အတင်းပြောတဲ့ ဇာတ်ကောင်နေရာကနေ နာမည်ကြီးကျော်ကြားခဲ့တဲ့ သရုပ်ဆောင်မင်းသမီးကြီး ခင်အေးဟန် အကြောင်း…

တစ်ခေတ်တစ်ခါက မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေထဲမှာ လူမုန်းများအောင်သရုပ်ဆောင်နိုင်ခဲ့ပြီး သဏ္ဌာန်လုပ်သရုပ်တူအောင် သဘာဝကျကျ သရုပ်ဆောင်နိုင်ခဲ့တာကြောင့်မြန်မာ့ရုပ်ရှင်ချစ် ပရိသတ်တွေရဲ့ အမုန်းတော်ခံ ဇာတ်ပို့သရုပ်ဆောင် ‌ဒေါ်ခင်အေးဟန် ဖြစ်ပါတယ်။မြန်မာ့ရုပ်ရှင်အဖြူအမည်းခေတ်ကာလ ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ မိန်းမကြမ်းကြီးနေရာကနေ ပါဝင်သရုပ်ဆောင်ပြီး ရပ်ကွက်တကာလှည့် လူတိုင်းနဲ့ အတင်းပြောသူ ဇာတ်ကောင်ကာရိုက်တာကို သဘာဝကျကျ သရုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။အရင်ခေတ်က မြန်မာ့ရုပ်ရှင်နှစ်မွှာအသဲ ရုပ်ရှင်ဇာတ်ကားထဲက ဒေါ်မြလေးရဲ့ ဇာတ် ဝင်းစကားတစ်ခွန်းဖြစ်တဲ့ ” မပြောချ င်ဘူး မပြောချင်ဘူး ပြော့ကိုမပြောချင်ဘူ း ” ဆိုတဲ့ ဇာတ်ဝင်စကားတစ်လုံးဟာ အဲ့ဒီခေတ်က ာလမှာ ခေတ်စားခဲ့သလို ပရိသတ်အမုန်းတော်ခံသရုပ်ဆောင်‌ဒေါ်ခင်အေးဟန်လည်း မိန်းမကြမ်းကြီးဇာတ်ရုပ်နဲ့ တစ်ခုခုဆိုစိတ်မရှည်တဲ့အမူအယာသရုပ်ဆောင်တဲ့အခါတိုင်းမျက်နှာကြီးကို မဲ့ကာရွဲ့ကာနှုတ်ခမ်းထော်ပြီး မျက်လုံးပြူးပြောလေ့ရှိတဲ့ ” မပြောချင်ဘူး မပြောချင်ဘူး ပြော့ကိုမပြောချင်ဘူး ” ဆိုတဲ့စကားအစချီလို့သရုပ်ဆောင်ခဲ့တဲ့ ပြကွက်တွေကို

အခု ချိန် အသက် ၃၅ နှစ်ကျော် ပရိသတ်တွေ မြင်ယောင်သတိရဦးမယ်ထင်ပါတယ်။အဲ့ဒီလို ပရိသတ်တွေမုန်းလောက်အောင်ထိ ဇာတ်ကောင်ကာရိုက်တာသရုပ်ဆောင်ပီပြင်ခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် ‌‌ဒေါ်ခင်အေးဟန်ကို ၁၉၃၇ ခုနှစ် အောက်တိုဘာ ၁၂ ရက် ဖခင်ဦးသိန်း နဲ့ မိခင်ဒေါ်သိန်းမယ်တို့မှ တွံတေးမှာမွေးဖွားခဲ့ပါတယ်။ နာမည်အရင်းမှာ အေးဟန်ဖြစ်ပြီး အထက်တ န်းပညာကို ရန်ကုန်မြို့မအထက်တန်းကျောင်းမှာ (ခ)အဆင့်နဲ့သာ အောင်မြင်ခဲ့ပြီးနောက် ကန်တော်ကလေး ဘားမားမူစလ င်ကျောင်း ( ယခု အထက ၆ မင်္ဂလာတောင်ညွန့်) မှာ ၁၉၅၅-၅၇ ကာလအ ထိဆရာမအဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ ပညာရေးကိုဇွဲမလျော့ဘဲ ထားဝယ် မှာ ဆယ်တန်းထပ် ဖြေခဲ့ပေမယ့်လည်းကျခဲ့တာကြောင့် မယ်ရွေးပွဲဝင်ပြိုင်ခဲ့ရာမှာ အနိုင်ရခဲ့ပြီး ထားဝယ်မယ် အေးဟန် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီကနေစ အနုပညာလောကထဲဝင်မယ်ဆိုပြီး ရန်ကုန်ကိုပြန်လာခဲ့ပြီး သိမ်ဖြူမယ်ရွေးပွဲကို ဆက်လက်ဝင်ပြိုင်ခဲ့ရာ အနိုင်ဆုရခဲ့ပြီး သိမ်ဖြူမယ်ခင်အေးဟန် ထပ်ဖြစ်ခဲ့ပြန်ပါတယ်။

၁၉၆၀ ခုနှစ်မှာ ဒါရိုက်တာ ဦးတင်ယု ရိုက်ကူးခဲ့တဲ့ အဝိုင်း နဲ့ လေးထောင့် ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ပို့နေရာက နေ စတင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်‌လောကထဲကို ဝင်ရောက်ခဲ့ပါတယ်။အဲ့ဒီဇာတ်ကားကနေတဆင့် ရုပ်ရှင်ဇာတ်ကားများမှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် ဆက်လက်ရိုက်ကူးခဲ့ရာ ဇင်းကျိုက်တောင် သိုက်သမိုင်း ရာဇဝင်ဇာတ်ကား ရိုက်ကူးပြီးနောက် ရုပ်ရှင်လောကမှာ ခေတ္တခဏ အနားယူခဲ့ပြီး ကုန်သွယ်ရေးဌာ နမှာ စာရေးမအဖြစ် ၁၉၆၃-၆၉ ကာလအထိ အလုပ်ဝင်ခဲ့ပါတယ်။တဖန် ရုပ်ရှင်လောကထဲကို ဒီကောင်းမ‌လေး ရုပ်ရှင်ဇာ တ်ကား နဲ့ ဒုတိယအကြိမ်‌မြောက်ပြန်ဝ င်လာခဲ့ပြီးနောက် အနုပညာအလုပ်တွေကို တစ်စိုက်မတ်မတ် လုပ်ကိုင်ခဲ့ကာ ရုပ်ရှင် နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုဆက်လက်ရိုက်ကူးနိုင်ခဲ့ပြီး ပရိသတ်တွေရင်ထဲမှာ သရုပ်ဆောင် ခင်အေးဟန် ဆိုပြီး ချစ်ခင်အားပေးလာခဲ့ကြပါတယ်။သရုပ်ဆောင်ခင်အေးဟန် ဟာ ရုပ်ရှင်သရုပ်ဆောင်အပြင် အသံသရုပ်ဆောင်လည်းဖြစ်သလို ရုပ်ရှင်လောက ထဲမဝင်ခင် ၁၉၅၀ ခုနှစ်မှာစ

စာနယ်ဇင်းလောကမှာလည်း ကဗျာ ဆောင်းပါးများစွာရေးသားခဲ့ဖူးသူဖြစ်ပြီး ငယ်စဉ်ကတည်းက စာပေဝါသနာကြီးသူတစ်ယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။သရုပ်ဆေ ာင်ခင်အေးဟန် ပါဝင်သရု ပ်ဆောင်ခဲ့တဲ့ နာမည်ကျော် ရုပ်ရှင်ဇာတ်ကားမျ ားနဲ့ အသံဇာတ်လမ်းများမှာ ရပ်ကြီးသူ (၁၉၇၅) ၊ ချစ်ခြင်းဆိုသည် ဘာလဲကွယ် ၊စိမ်းလို့သာခေါ်လိုက်ပါ (၁၉၈၄)၊ကျားခင်စိန် (၁၉၉၃)၊နော်ရင်မွှေး (၁၉၉၄)၊တုယှဉ်နှိုင်းလည်းမမီပါ (၁၉၉၇)၊ တို့ ဇာတ်ကားများအပြင် အသံသရုပ်ဆောင်ကက်ဆက်ဇာတ်လမ်များမှာ ပြောပြန်ရင်လဲ မောင်သ ာရလွန်ရာကျမယ် ၊ထီးဆောင်းပြောတဲ့ပတ်ဝန် းကျင် ၊စိတ် ၊အချစ်သုတေ သနဇာတ်လမ်း ၊မိသားစုဘဝ စတဲ့ ရုပ်ရှင်နဲ့ ကက်ဆက်ဇာတ်လမ်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တယ်လို့ တဆင့်ပြန်လည်လေ့လာသိရှိရပါတယ်။

သရုပ်ဆောင်ခင်အေးဟန်ဟာ အနုပညာလောကမှာ ဝါသနာတူ သရုပ်ဆောင်အေးကျော် နဲ့ လက်ထပ်ပေါင်းသင်းနေထိုင်ခဲ့ပြီး သူ့ချစ်တဲ့ ရုပ်ရှင်အနုပညာအလုပ်တွေကို ကွယ်လွန်ချိန် ၂၀၀၆ ခုနှစ်အထိ ဆက်လက်လုပ်ကိုင်ခဲ့တဲ့ အနုပညာအလုပ်ပေါ် သစ္စာရှိသော ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ရုပ်ရှင်လောက သဘာဝ တာဝန်အရ ဆေးစက်ကျရာ အရုပ်ထင် သဏ္ဌာန်လုပ်သရုပ်တူအောင် သဘာဝကျကျ သရုပ်ဆောင်နိုင်ခဲ့တဲ့ အတင်းပြော မိန်းမကြမ်းကြီး ဇာတ်ကောင်ကာရိုက်တာတွေကနေ ပရိသတ်မုန်းအောင် အသုံးတော်ခံခဲ့တဲ့ အနုပညာတာ ဝန်ကျေခဲ့သူဖြစ်တာ‌ ကြောင့် ယနေ့အချိန်ထိသာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် ပရိသတ်တွေအချစ်တော်ဇာတ်ပို့သရုပ်ဆောင်မင်းသမီးကြီးတစ်ယောက် ဖြစ်နေဦးမှာ ဧကန် အမှန်ပဲမို့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာများနဲ့ ထိုက်တန်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ကြောင်း တစ်ဆင့်ပြန်လည်လေ့လာ သတိတရမှတ်တမ်းတင်ဂုဏ်ပြုရေးသားဖော်ပြလိုက်ရပါတယ်။ ဖတ်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်တွေတစ်ယောက်ချင်းစီတိုင်းကို က အထူးကျေးဇူးတင်ပါတယ်။

crd
zawgyi
တစ္ေခတ္တစ္ခါက ျမန္မာ့႐ုပ္ရွင္ဇာတ္ကားေတြထဲမွာ လူမုန္းမ်ားေအာင္သ႐ုပ္ေဆာင္ႏိုင္ခဲ့ၿပီး သဏၭာန္လုပ္သ႐ုပ္တူေအာင္ သဘာဝက်က် သ႐ုပ္ေဆာင္ႏိုင္ခဲ့တာေၾကာင့္ျမန္မာ့႐ုပ္ရွင္ခ်စ္ ပရိသတ္ေတြရဲ႕ အမုန္းေတာ္ခံ ဇာတ္ပို႔သ႐ုပ္ေဆာင္ ‌ေဒၚခင္ေအးဟန္ ျဖစ္ပါတယ္။ျမန္မာ့႐ုပ္ရွင္အျဖဴအမည္းေခတ္ကာလ ႐ုပ္ရွင္ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ မိန္းမၾကမ္းႀကီးေနရာကေန ပါဝင္သ႐ုပ္ေဆာင္ၿပီး ရပ္ကြက္တကာလွည့္ လူတိုင္းနဲ႔ အတင္းေျပာသူ ဇာတ္ေကာင္ကာ႐ိုက္တာကို သဘာဝက်က် သ႐ုပ္ေဆာင္ႏိုင္ခဲ့သူျဖစ္ပါတယ္။အရင္ေခတ္က ျမန္မာ့႐ုပ္ရွင္ႏွစ္မႊာအသဲ ႐ုပ္ရွင္ဇာတ္ကားထဲက ေဒၚျမေလးရဲ႕ ဇာတ္ ဝင္းစကားတစ္ခြန္းျဖစ္တဲ့ ” မေျပာခ် င္ဘူး မေျပာခ်င္ဘူး ေျပာ့ကိုမေျပာခ်င္ဘူ း ” ဆိုတဲ့ ဇာတ္ဝင္စကားတစ္လုံးဟာ အဲ့ဒီေခတ္က ာလမွာ ေခတ္စားခဲ့သလို ပရိသတ္အမုန္းေတာ္ခံသ႐ုပ္ေဆာင္‌ေဒၚခင္ေအးဟန္လည္း မိန္းမၾကမ္းႀကီးဇာတ္႐ုပ္နဲ႔ တစ္ခုခုဆိုစိတ္မရွည္တဲ့အမူအယာသ႐ုပ္ေဆာင္တဲ့အခါတိုင္းမ်က္ႏွာႀကီးကို မဲ့ကာ႐ြဲ႕ကာႏႈတ္ခမ္းေထာ္ၿပီး မ်က္လုံးျပဴးေျပာေလ့ရွိတဲ့ ” မေျပာခ်င္ဘူး မေျပာခ်င္ဘူး ေျပာ့ကိုမေျပာခ်င္ဘူး ” ဆိုတဲ့စကားအစခ်ီလို႔သ႐ုပ္ေဆာင္ခဲ့တဲ့ ျပကြက္ေတြကို အခု ခ်ိန္ အသက္ ၃၅ ႏွစ္ေက်ာ္ ပရိသတ္ေတြ ျမင္ေယာင္သတိရဦးမယ္ထင္ပါတယ္။အဲ့ဒီလို ပရိသတ္ေတြမုန္းေလာက္ေအာင္ထိ ဇာတ္ေကာင္ကာ႐ိုက္တာသ႐ုပ္ေဆာင္ပီျပင္ခဲ့တဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ ‌‌ေဒၚခင္ေအးဟန္ကို ၁၉၃၇ ခုႏွစ္ ေအာက္တိုဘာ ၁၂ ရက္ ဖခင္ဦးသိန္း နဲ႔ မိခင္ေဒၚသိန္းမယ္တို႔မွ တြံေတးမွာေမြးဖြားခဲ့ပါတယ္။ နာမည္အရင္းမွာ ေအးဟန္ျဖစ္ၿပီး အထက္တ န္းပညာကို ရန္ကုန္ၿမိဳ႕မအထက္တန္းေက်ာင္းမွာ (ခ)အဆင့္နဲ႔သာ ေအာင္ျမင္ခဲ့ၿပီးေနာက္ ကန္ေတာ္ကေလး ဘားမားမူစလ င္ေက်ာင္း ( ယခု အထက ၆ မဂၤလာေတာင္ၫြန႔္) မွာ ၁၉၅၅-၅၇ ကာလအ ထိဆရာမအျဖစ္ အလုပ္ဝင္ခဲ့ပါတယ္။ ပညာေရးကိုဇြဲမေလ်ာ့ဘဲ ထားဝယ္ မွာ ဆယ္တန္းထပ္ ေျဖခဲ့ေပမယ့္လည္းက်ခဲ့တာေၾကာင့္ မယ္ေ႐ြးပြဲဝင္ၿပိဳင္ခဲ့ရာမွာ အႏိုင္ရခဲ့ၿပီး ထားဝယ္မယ္ ေအးဟန္ ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီကေနစ အႏုပညာေလာကထဲဝင္မယ္ဆိုၿပီး ရန္ကုန္ကိုျပန္လာခဲ့ၿပီး သိမ္ျဖဴမယ္ေ႐ြးပြဲကို ဆက္လက္ဝင္ၿပိဳင္ခဲ့ရာ အႏိုင္ဆုရခဲ့ၿပီး သိမ္ျဖဴမယ္ခင္ေအးဟန္ ထပ္ျဖစ္ခဲ့ျပန္ပါတယ္။

၁၉၆၀ ခုႏွစ္မွာ ဒါ႐ိုက္တာ ဦးတင္ယု ႐ိုက္ကူးခဲ့တဲ့ အဝိုင္း နဲ႔ ေလးေထာင့္ ႐ုပ္ရွင္ဇာတ္ကားမွာ ဇာတ္ပို႔ေနရာက ေန စတင္ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ႐ုပ္ရွင္‌ေလာကထဲကို ဝင္ေရာက္ခဲ့ပါတယ္။အဲ့ဒီဇာတ္ကားကေနတဆင့္ ႐ုပ္ရွင္ဇာတ္ကားမ်ားမွာ ဇာတ္ပို႔သ႐ုပ္ေဆာင္အျဖစ္ ဆက္လက္႐ိုက္ကူးခဲ့ရာ ဇင္းက်ိဳက္ေတာင္ သိုက္သမိုင္း ရာဇဝင္ဇာတ္ကား ႐ိုက္ကူးၿပီးေနာက္ ႐ုပ္ရွင္ေလာကမွာ ေခတၱခဏ အနားယူခဲ့ၿပီး ကုန္သြယ္ေရးဌာ နမွာ စာေရးမအျဖစ္ ၁၉၆၃-၆၉ ကာလအထိ အလုပ္ဝင္ခဲ့ပါတယ္။တဖန္ ႐ုပ္ရွင္ေလာကထဲကို ဒီေကာင္းမ‌ေလး ႐ုပ္ရွင္ဇာ တ္ကား နဲ႔ ဒုတိယအႀကိမ္‌ေျမာက္ျပန္ဝ င္လာခဲ့ၿပီးေနာက္ အႏုပညာအလုပ္ေတြကို တစ္စိုက္မတ္မတ္ လုပ္ကိုင္ခဲ့ကာ ႐ုပ္ရွင္ နဲ႔ ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာကိုဆက္လက္႐ိုက္ကူးႏိုင္ခဲ့ၿပီး ပရိသတ္ေတြရင္ထဲမွာ သ႐ုပ္ေဆာင္ ခင္ေအးဟန္ ဆိုၿပီး ခ်စ္ခင္အားေပးလာခဲ့ၾကပါတယ္။သ႐ုပ္ေဆာင္ခင္ေအးဟန္ ဟာ ႐ုပ္ရွင္သ႐ုပ္ေဆာင္အျပင္ အသံသ႐ုပ္ေဆာင္လည္းျဖစ္သလို ႐ုပ္ရွင္ေလာက ထဲမဝင္ခင္ ၁၉၅၀ ခုႏွစ္မွာစ စာနယ္ဇင္းေလာကမွာလည္း ကဗ်ာ ေဆာင္းပါးမ်ားစြာေရးသားခဲ့ဖူးသူျဖစ္ၿပီး ငယ္စဥ္ကတည္းက စာေပဝါသနာႀကီးသူတစ္ေယာက္ျဖစ္တယ္လို႔လည္း သိရပါတယ္။သ႐ုပ္ေဆ ာင္ခင္ေအးဟန္ ပါဝင္သ႐ု ပ္ေဆာင္ခဲ့တဲ့ နာမည္ေက်ာ္ ႐ုပ္ရွင္ဇာတ္ကားမ် ားနဲ႔ အသံဇာတ္လမ္းမ်ားမွာ ရပ္ႀကီးသူ (၁၉၇၅) ၊ ခ်စ္ျခင္းဆိုသည္ ဘာလဲကြယ္ ၊စိမ္းလို႔သာေခၚလိုက္ပါ (၁၉၈၄)၊က်ားခင္စိန္ (၁၉၉၃)၊ေနာ္ရင္ေမႊး (၁၉၉၄)၊တုယွဥ္ႏႈိင္းလည္းမမီပါ (၁၉၉၇)၊ တို႔ ဇာတ္ကားမ်ားအျပင္ အသံသ႐ုပ္ေဆာင္ကက္ဆက္ဇာတ္လမ္မ်ားမွာ ေျပာျပန္ရင္လဲ ေမာင္သ ာရလြန္ရာက်မယ္ ၊ထီးေဆာင္းေျပာတဲ့ပတ္ဝန္ းက်င္ ၊စိတ္ ၊အခ်စ္သုေတ သနဇာတ္လမ္း ၊မိသားစုဘဝ စတဲ့ ႐ုပ္ရွင္နဲ႔ ကက္ဆက္ဇာတ္လမ္းမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တယ္လို႔ တဆင့္ျပန္လည္ေလ့လာသိရွိရပါတယ္။

သ႐ုပ္ေဆာင္ခင္ေအးဟန္ဟာ အႏုပညာေလာကမွာ ဝါသနာတူ သ႐ုပ္ေဆာင္ေအးေက်ာ္ နဲ႔ လက္ထပ္ေပါင္းသင္းေနထိုင္ခဲ့ၿပီး သူ႔ခ်စ္တဲ့ ႐ုပ္ရွင္အႏုပညာအလုပ္ေတြကို ကြယ္လြန္ခ်ိန္ ၂၀၀၆ ခုႏွစ္အထိ ဆက္လက္လုပ္ကိုင္ခဲ့တဲ့ အႏုပညာအလုပ္ေပၚ သစၥာရွိေသာ ဝါရင့္အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။႐ုပ္ရွင္ေလာက သဘာဝ တာဝန္အရ ေဆးစက္က်ရာ အ႐ုပ္ထင္ သဏၭာန္လုပ္သ႐ုပ္တူေအာင္ သဘာဝက်က် သ႐ုပ္ေဆာင္ႏိုင္ခဲ့တဲ့ အတင္းေျပာ မိန္းမၾကမ္းႀကီး ဇာတ္ေကာင္ကာ႐ိုက္တာေတြကေန ပရိသတ္မုန္းေအာင္ အသုံးေတာ္ခံခဲ့တဲ့ အႏုပညာတာ ဝန္ေက်ခဲ့သူျဖစ္တာ‌ ေၾကာင့္ ယေန႔အခ်ိန္ထိသာ သက္ရွိထင္ရွား ရွိေနဦးမယ္ဆိုရင္ ပရိသတ္ေတြအခ်စ္ေတာ္ဇာတ္ပို႔သ႐ုပ္ေဆာင္မင္းသမီးႀကီးတစ္ေယာက္ ျဖစ္ေနဦးမွာ ဧကန္ အမွန္ပဲမို႔ ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းေမတၱာမ်ားနဲ႔ ထိုက္တန္တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ေၾကာင္း တစ္ဆင့္ျပန္လည္ေလ့လာ သတိတရမွတ္တမ္းတင္ဂုဏ္ျပဳေရးသားေဖာ္ျပလိုက္ရပါတယ္။ ဖတ္ရႈအားေပးခဲ့ၾကတဲ့ ပရိသတ္ေတြတစ္ေယာက္ခ်င္းစီတိုင္းကို က အထူးေက်းဇူးတင္ပါတယ္။

Add a Comment

Your email address will not be published.