တစ်ရက်ထဲမှာပဲ ကလေးငယ်လေး နှစ်ယောက်ကို တရားဝင် မွေးစားဖြစ်ခဲ့ကြောင်းကို ပီတိဖြစ်စွာ ပြောပြလာတဲ့ ခိုင်နှင်းဝေ သရုပ်ဆောင်ခိုင်နှင်းဝေကတော့ လက်ရှိအခြေအနေမှာ ပရဟိတအလုပ်တွေကို မလစ်ဟင်းစေဘဲ ပြည်သူတွေအတွက် အင်တိုက်အားတိုက် ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ဒါ့အပြင် သူမရဲ့ ရင်သွေးလေးများဂေဟာက ကလေးငယ်လေးတွေကိုလည်း လိုလေသေးမရှိအောင် ဂရုစိုက်စောင့်ရှောက်ပေးနေတာကိုလည်း လေးစားစွာ တွေ့ရပါတယ်။ ခိုင်နှင်းဝေက အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံလိုက်ရတဲ့ ရင်သွေးငယ်လေးတွေကို သူမရဲ့သားသမီးအရင်းအချာတွေလို ကယ်တင်စောင့်ရှောက်ပေးနေတာ