သားလေးက အဝေးမှာမို့ မွေးစားထားတဲ့ ကြောင်လေးကိုပဲ သားသမီးလိုမွေးမြူချစ်နေရကြောင်း ရင်ဖွင့်လာတဲ့ ယွန်းဝတီလွင်မိုး..

သားလေးက အဝေးမှာမို့ မွေးစားထားတဲ့ ကြောင်လေးကိုပဲ သားသမီးလိုမွေးမြူချစ်နေရကြောင်း ရင်ဖွင့်လာတဲ့ ယွန်းဝတီလွင်မိုး..

အနုပညာလမ်းကြောင်းပေါ်မှာ တစ်ချိန်ကအောင်မြင်မှုထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့အကယ်ဒမီမင်းသားကြီးလွင်မိုးကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်နော်.. လွင်မိုးကတော့ အနုပညာအလုပ်တွေကိုလည်း အောင်မြင်အောင်လုပ်နိုင်ပြီး ခုချိန်မှာတော့ ကိုယ်ပိုင်စီးပွားရေးတွေနဲ့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လို့ ပြောလို့ရနေပါပြီနော်… လွင်မိုးကတော့ အနုပညာမျိုးဆက်လေးဖြစ်တဲ့ သမီးဖြစ်သူ ယွန်းဝတီလွင်မိုး နဲ့အတူမြေးလေးဖြစ်သူ Liam လေးကိုလည်း ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်နော်..

ယွန်းဝတီလွင်မိုးကတော့ လက်ရှိမှာ ပြည်ပနိုင်ငံ တွင် ပညာသင်ကြားနေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်ခွင့် မရတဲ့အတွက်လည်း ဝမ်းနည်းနေတာပဲ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာ မှတစ်ဆင့်အရေးကြီးတဲ့ သတင်းအချက်အလက် တွေကိုတော့ အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတာလည်းဖြစ်ပါတယ်။ ပြည်ပမှာနေထိုင်သူတွေလည်း မိသားစုဝင်တွေကို တွေ့ဖို့ မြန်မာနိုင်ငံကို ပြန်လာလို့ မရနိုင်သေးတဲ့ အခြေအနေရောက်နေ ရပါတယ်နော်။

ဒီနေ့လေးမှာတော့​ ခေးက ချစ်စရာကောင်းတဲ့ သူမ မွေးထားတဲ့ ကြောင်လေး နဲ့အတူ ပုံလေးတင်လာပြီး ကိုယ့်ရဲ့ကလေးလေး ဆိုပြီး တင်လာခဲ့တာ ဖြစ်ပါတယ်နော်..သူမတို့ဇနီးမောင်နှံလည်း သားလေးကို လွမ်းနေတာကြောင့် ရှိတဲ့ကြောင်လေးကိုပဲ သားသမီးလို ချစ်နေတယ်လို့ ထင်ပါတယ်နော်. ပရိသတ်ကြီးလည်း ခေးလေးနဲ့ သူမရဲ့ကြောင်လေးရဲ့ပုံလေးကို ကြည့်ပြီးချစ်ပေးကြပါအုံးနော်..

Source: Yun Wady
zawgyi



Source: Yun Wady

Add a Comment

Your email address will not be published.