အရာအရာဆုံးရှုံးသလို ခံစားနေရချိန်မှာတောင် သူမရဲ့ ပါရမီဖြည့်ဖက်ခင်ပွန်းကြောင့် စိတ်ဓာတ်ကျမနေဘဲ နေထိုင်နိုင်ခဲ့တဲ့အကြောင်းလေးပြောပြလာတဲ့ အဆိုတော်ချမ်းချမ်း…

အရာအရာဆုံးရှုံးသလို ခံစားနေရချိန်မှာတောင် သူမရဲ့ ပါရမီဖြည့်ဖက်ခင်ပွန်းကြောင့် စိတ်ဓာတ်ကျမနေဘဲ နေထိုင်နိုင်ခဲ့တဲ့အကြောင်းလေးပြောပြလာတဲ့ အဆိုတော်ချမ်းချမ်း…

ပရိသတ်ကြီးရေအဆိုတော်ချမ်းချမ်းကတော့နွေဦးတော်လှန်ရေးကြီးမှာ ပြည်သူဘက်ကရပ်တည်ခဲ့ပြီးအာဏာရှင်ကိုတော်လှန်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ စစ်ကောင်စီက ချမ်းချမ်းကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး နေအိမ်ကိုလည်းချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ ချမ်းချမ်းက ခင်ပွန်းဖြစ်သူနဲ့ နိုင်ငံခြားမှာ အခြေ ချနေထိုင်နေတာလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ ချမ်းချမ်းကအရာရာဆုံးရှုံးခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူရဲ့ အားပေးစကားတွေကြောင့်ဘဲ ပျော်ရွှင်မှုတွေ ပြန်ရခဲ့တယ်လို့ပြောလာတာလည်းဖြစ်ပါတယ်။ချမ်းချမ်းကIt’s a beautiful day ဒီနေ့ ပီလာလေးမပါပဲ နှစ်ယောက်သားကမ်းခြေကိုပြန်လာခဲ့ကြတယ်။

အဓိကကတော့ ကျမဟာ တနှစ်ပတ်လုံးအိမ်ထဲမှာပဲ ကလေးထိန်း အိမ်အလုပ်လုပ် နဲ့ ဘဝကို ပျော်အောင်နေထိုင်ခဲ့တယ်။ အရာရာဆုံးရှူံးပီးနောက်ပိုင်းမှာ ကျမ အမျိုးသားက အသက်ထက်ဘယ်အရာမှ အရေးမကြီးဘူး။ကျမနဲ့ သမီးလေးတွေကို ကျန်းမာစွာတွေ့နေရသ၍သူအရာရာပေးဆပ်နိုင်တယ်ဆိုတဲ့ စကားကြောင့် ကျမ အခု ဘာကိုမှမလိုချင်လေလေ အရာရာကိုပိုင်ဆိုင်ရလေလေပါပဲ။ပြောချင်တာကတော့ သဘာဝနဲ့ဘဝကိုပျော်အောင်နေပါ။

ကျမတို့ဟာ အသက်ရှင်ဖို့အတွက် အလုပ်လုပ်တာဖြစ်ပါစေ။အလုပ်လုပ်ဖို့အတွက် အသက်ရှင်နေရသူမဖြစ်ပါစေနဲ့။ သဘာဝက သင့်ကို ဆင်းရဲချမ်းသာ မရွေး ကြိုဆိုနေပါတယ်။ အမြဲ သတိရပါ သင်ဟာပျော်ရွှင်မှုနဲ့ထိုက်တန်သူပါ ဆိုပြီးပြောပြလာတာဖြစ်ပါတယ်။

crd
zawgyi



crd

Add a Comment

Your email address will not be published.