အနေဝေးပေမယ့် ချစ်သူကို valentine လက်ဆောင်တွေ ပို့ပေးကာအပြတ်ရို နေတဲ့ သရုပ်ဆောင် ဇေရဲထက်….

အနေဝေးပေမယ့် ချစ်သူကို valentine လက်ဆောင်တွေ ပို့ပေးကာအပြတ်ရို နေတဲ့ သရုပ်ဆောင် ဇေရဲထက်….

သရုပ်ဆောင်မင်းသားဇေရဲထက်ကတော့ ဗီဒီယိုဇာတ်ကားတွေရဲ့ ဘုရင်လို့ဆိုရလောက်အောင် ဗီဒီယိုဇာတ်ကားရာကျော်ရိုက်ကူးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဇေရဲထက်ဟာ နောက်ပိုင်းမှာတော့ ဇာတ်ကားတွေမရိုက်ကူးဖြစ်တော့ပဲ ပရိသတ်တွေနဲ့ ဝေးကွာသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ ဇေရဲထက်ကို အရင်အတိုင်းချစ်ပြီး အားပေးနေကြဆဲဖြစ်ပါတယ်။

ချစ်သူရှိကြောင်း ပရိသတ်တွေကို ပွင့်လင်းစွာချပြထားတဲ့ ဇေရဲထက်ဟာ မနေ့ကကျရောက်တဲ့ Valentine’s Day မှာ လည်း တာချီလိတ်မြို့မှာရှိတဲ့ချစ်သူအတွက် လက်ဆောင်တွေပို့ပေးခဲ့ပါတယ်။ ဇေရဲထက်က ချစ်သူအတွက် တန်ဖိုးကြီးလက်ဝတ်လက်စားတွေ လက်ဆောင်ပေးခဲ့သလို အရမ်းလှတဲ့ပန်းစည်းကြီးတွေလည်း ပို့ပေးပြီး Romantic ဆန်ခဲ့တာကို တွေ့ရပါတယ်။

ဇေရဲထက်တို့ ချစ်သူနှစ်ယောက်ကတော့ အနေဝေးတယ်ဆိုပေမယ့် တစ်ဦးနဲ့တစ်ဦး အရိပ်တကြည့်ကြည့်ချစ်ပြီး လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးတတ်ကြတာပဲဖြစ်ပါတယ်။ ဇေရဲထက်တို့ချစ်သူနှစ်ဦး အခုလိုပဲ ထာဝရသက်ဆုံးတိုင်ချစ်နိုင်ကြပါစေနော်။

Source: Pa Pa Wady’s fb
crd
zawgyi
တစ်နယ်စီဝေးနေပေမယ့် Valentine’s Day မှာ ချစ်သူအတွက် တန်ဖိုးကြီးလက်ဆောင်တွေပို့ပေးပြီး Ro ခဲ့တဲ့ ဇေရဲထက်




Source: Pa Pa Wady’s fb

Add a Comment

Your email address will not be published.