ယခင်အင်တာဗျူးတခုမှာ ကြံဖွတ်ကျေးဇူးသေတောင် မမေ့ဘူးဟု ဆိုကာ အခုတော့ ကျူးတဲ့ဖျက်ခံရပြီးအိမ်လခမရှိလို့ တောင်းစားရတော့မယ်လို့ ဆိုလာတဲ့ ပါကျဲ..

ယခင်အင်တာဗျူးတခုမှာ ကြံဖွတ်ကျေးဇူးသေတောင် မမေ့ဘူးဟု ဆိုကာ အခုတော့ ကျူးတဲ့ဖျက်ခံရပြီးအိမ်လခမရှိလို့ တောင်းစားရတော့မယ်လို့ ဆိုလာတဲ့ ပါကျဲ..

အောက်တွင် Unicode ဖြင့်ဖော်ပြပေးထားပါသည်။





crd
Unicode
အိမ်လခမတတ်နိုင်တာကြောင့် တောင်းစားဖို့တောင် စဉ်းစားထားတယ်ဆိုတဲ့ သရုပ်ဆောင် ပါကျဲ

ပရိသတ်ကြီးရေ သရုပ်ဆောင် ပါကျဲ ကိုတော့ ရုပ်ရှင်ဇာတ်ကားတိုင်းမှာ တွေ့မြင်ဖူးကြမယ်ထင်ပါတယ်နော်။ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေကြောင့် အနုပညာလှုပ်ငန်းတွေကို ရပ်နားထားရတာကြောင့် အနုပညာရှင်တွေအားလုံးဟာ စားဝတ်နေရေးအတွက် အရမ်းကိုခက်ခဲနေတာပဲဖြစ်ပါတယ်။ သရုပ်ဆောင် ပါကျဲ ဟာ လက်ရှိမှာထီးချုပ်ဖိနပ်ချုပ်အလုပ်ကို လုပ်ကိုင်ပြီးတော့ မိခင်ဖြစ်သူကို လုပ်ကျွေးနေသူဖြစ်ပါတယ်။ ဒါပေမယ့် ရရာအလုပ်ကို လုပ်ကိုင်နေပေမယ့် စားဝတ်နေရေးအတွက် မဖူလုံဘူးလို့ သိရပါတယ်။ သရုပ်ဆောင် ပါကျဲ ဟာအိမ်လခမတတ်နိုင်တာကြောင့် တောင်းစားဖို့တောင် စဉ်းစားထားတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောကြားထားပါတယ်။

သရုပ်ဆောင် ပါကျဲ ဟာ သံပန်းသံတံခါး လုပ်ငန်းမှာအလုပ်ဝင်ရောက်လုပ်ကိုင်နေပေမယ့် လုပ်သမျှအလုပ်တွေက အဆင်မပြေဘူးလို့ သိရပါတယ်။ စီးပွားရေးအဆင်မပြေတဲ့ ပါကျဲ တို့မိသားစုဟာ တစ်လကို ၄သောင်းနဲ့ အိမ်ဌားနေရပြီးတော့ သူတို့နေထိုင်တဲ့အိမ်ကကျူးဖြစ်နေတာကြောင့် နိုင်ငံတော်စီမံချက်နဲ့ မကြာခင်ဖြတ်ရတော့မယ်လို့ သိရပါတယ်။ ဒီအကြောင်းကို “အလုပ်မရှိရတဲ့ ကြားထဲ နေတဲ့ ရပ်ကွက် က မဲပေါက်တယ်။ အိမ်ရှေ့တွေ ဖျက်ရမယ် ဆိုတော့ ကျွန်တော်တို့က ရှေ့ကျူးမှာ ဌားနေတာလေ။ တခြားနေရာ ကို ပြောင်းပြီး

ဌားနေရမယ်ဆိုတော့ အိမ်လခ မတတ်နိုင်တော့ဘူး …..” လို့ ရင်ဖွင့်ထားပါတယ်။ နောက်ထပ်ဌားနေရမဲ့ အိမ်ကအိမ်လစာဈေးကြီးတာကြောင့် အိမ်လခမတတ်နိုင်တဲ့အဆုံးမှာ တောင်းစားဖို့စိတ်ကူးထားတယ်လို့ ရင်ဖွင့်ထားပါတယ်။ သူနေထိုင်တဲ့ ကျူးအိမ်လေးဖြတ်ခံခဲ့ရပေမယ့် နိုင်ငံတော်ကို အပြစ်မပြောလိုပါဘူးလို့ ပါကျဲ ဟာ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

ပရိသတ်ကြီးရေ စားဝတ်နေရေးခက်ခဲပေမယ့် မိဘကိုလုပ်ကျွေးနေတဲ့သရုပ်ဆောင် ပါကျဲအတွက် အားပေးစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။

Add a Comment

Your email address will not be published.