မွေးနေ့ရက်မြတ်ကလေးမှာ တစ်ကိုယ်ရည်အကျိုးထက် ရင်းထားရတဲ့ ကိုယ့်ရဲ့တော်လှန်ရေး ရဲဘော်တွေပြည်သူတွေအတွက် လက်စွပ်လေးကို ရောင်းပြီးလှူဒါန်းသွားမယ့် မြတ်နိုးအေး..

မွေးနေ့ရက်မြတ်ကလေးမှာ တစ်ကိုယ်ရည်အကျိုးထက် ရင်းထားရတဲ့ ကိုယ့်ရဲ့တော်လှန်ရေး ရဲဘော်တွေပြည်သူတွေအတွက် လက်စွပ်လေးကို ရောင်းပြီးလှူဒါန်းသွားမယ့် မြတ်နိုးအေး..

ပရိသတ်ကြီးရေသရုပ်ဆောင်မြတ်နိုးအေးကတော့ အောင်မြင်မှုတွေ အားလုံးကို စွန့်လွှတ်ပြီး အမှန်တရားအတွက် တောထဲကိုထွက်ခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့လေးကတော့ သရုပ်ဆောင် မြတ်နိုးအေးရဲ့ (၂၆)နှစ်ပြည့်မွေးနေ့လေးဘဲဖြစ်ပါတယ်။မွေးနေ့လေးမှာ မြတ်နိုးအေးက သူမဘဝရဲ့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကိုရင်ဖွင့်လာသလို မွေးနေ့အမှတ်တရအနေနဲ့လည်း သူမပိုင်ဆိုင်တဲ့ ပစ္စည်းတွေကိုရောင်းချပြီး တော်လှန်ရေးအတွက်အသုံးပြု သွားမှာလည်းဖြစ်ပါတယ်။

မြတ်နိုးအေးကအ သက် တစ်နှစ်ကြီးလာပြီအိမ် နဲ့အဝေးကို ရွှေ့ရင်းပြောင်းရင်း၊ အိပ်မက်တွေနဲ့ အဝေးကို ပြေးရင်းလွှ ားရင်း၊ စိတ်ဓါတ်တွေ တက်လိုက်ကျလိုက် ဖြစ်ရင်းနဲ့ ဖြတ်သန်းရတဲ့ ဒုတိယမြောက်မွေးနေ့ပေါ့။ ဒါပေမယ့်လည်း ဘာတွေပဲ ဒုက္ခရောက်ရောက်ပါအနောက်ကိုပြန်လှည့်ကြည့်လိုက်တိုင်း ကိုယ့်သမိုင်းမှာ နောင်တမရစေမယ့် ရပ်တည်ချက်နဲ့ ခံယူချက်တွေအတွက်တော့ လိပ်ပြာလုံလို့ ကျေနပ်ရပါတယ်

ရင်းခဲ့ရတဲ့ ငယ်ရွယ်နုပျိုမှုတွေ၊ဘဝတွေ အိပ်မက်တွေ ကတော့ ထားပါတော့လေ။ကိုယ့်ထက်စွန့်လွှတ်ရတဲ့သူတွေကြားထဲမှာ ကိုယ့်ဆုံးရှုံးမှုတွေကို အသေးစိတ်ထိုင်ညည်းဖို့ မရဲဘူးလေအသက်ကြီးလာလို့ ရင့်ကျက်သွားတာပဲလား.. ကြုံခဲ့ရတဲ့ အခြေအနေတွေကြောင့်ပဲလားတော့မသိဘူး။ဒီနှစ်မွေးနေ့မှာ အရင်တုန်းကလို အထူးတလည် ရင်ခုန်ပြီးတော့ ကျင်းပချင်စိတ်လည်း မရှိနေဘူး။ အတ္တတွေနဲ့ နောင်ဘဝ ဘာဖြစ်ပါစေ ညာဖြစ် ပါစေတွေနဲ့ တစ်ကိုယ်ရည်အကျို းမျှော်မှန်းပြီးလည်း မလှူတန်းချင်တော့ဘူး ။တစ်ကိုယ်ရည်အကျိုးထက် ရင်းထားရတဲ့ ကိုယ့်ရဲ့တော်လှန်ရေး ရဲဘော်တွေ အားလုံး၊ ပြည်သူတွေအားလုံး လွတ်မြောက်နိုင်ဖို့ အကျိုးအတွက်ပဲ လှူချင်စိတ်ရှိတော့တယ်။အဲ့ဒါကြောင့်ပဲ မြတ်နိုးရဲ့မွေးနေ့လေးမှာ အမှတ်တရအဖြစ် Project Dream ဆိုပြီး Fundraising တစ်ခုလုပ်ဖြစ်သွားတာပါပဲ။

Project Dream Campaign မှာ မြတ်နိုးရဲ့လက်စွပ်လေးကို ပ ထမဆု အနေနဲ့ ထည့်ပေ းထားပြီးတော့ တခြား ဆုမဲ လေးခု (နားကပ်၊ ဆွဲကြိုး ၊ရေမွှေး နဲ့ လက်ကိုင်အိတ်) ပါဝင်ပါသေးတယ်။ အိပ်မက်တွေနဲ့ ဝေးကွာနေရတဲ့ သူတွေအတွက်အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ မြတ်နိုးရဲ့ Noels တွေ အားလုံး ဒီ Project Dream လေးမှာ ပါဝင်ပေးနိုင်ဖို့မျှော်လင့်ပါတယ်ဆိုပြီးပြောပြလာတာ​ဖြစ်ပါတယ်။

crd
zawgyi

ပရိသတ္ႀကီးေရသ႐ုပ္ေဆာင္ျမတ္ႏိုးေအးကေတာ့ ေအာင္ျမင္မႈေတြ အားလုံးကို စြန္႔လႊတ္ၿပီး အမွန္တရားအတြက္ ေတာထဲကိုထြက္ခဲ့တာလည္းျဖစ္ပါတယ္။ဒီေန႔ေလးကေတာ့ သ႐ုပ္ေဆာင္ ျမတ္ႏိုးေအးရဲ႕ (၂၆)ႏွစ္ျပည့္ေမြးေန႔ေလးဘဲျဖစ္ပါတယ္။ေမြးေန႔ေလးမွာ ျမတ္ႏိုးေအးက သူမဘဝရဲ႕ ႀကဳံေတြ႕ခဲ့ရတဲ့ အခက္အခဲေတြကိုရင္ဖြင့္လာသလို ေမြးေန႔အမွတ္တရအေနနဲ႔လည္း သူမပိုင္ဆိုင္တဲ့ ပစၥည္းေတြကိုေရာင္းခ်ၿပီး ေတာ္လွန္ေရးအတြက္အသုံးျပဳ သြားမွာလည္းျဖစ္ပါတယ္။ျမတ္ႏိုးေအးကအ သက္ တစ္ႏွစ္ႀကီးလာၿပီအိမ္ နဲ႔အေဝးကို ေ႐ႊ႕ရင္းေျပာင္းရင္း၊ အိပ္မက္ေတြနဲ႔ အေဝးကို ေျပးရင္းလႊ ားရင္း၊ စိတ္ဓါတ္ေတြ တက္လိုက္က်လိုက္ ျဖစ္ရင္းနဲ႔ ျဖတ္သန္းရတဲ့ ဒုတိယေျမာက္ေမြးေန႔ေပါ့။ ဒါေပမယ့္လည္း ဘာေတြပဲ ဒုကၡေရာက္ေရာက္ပါအေနာက္ကိုျပန္လွည့္ၾကည့္လိုက္တိုင္း ကိုယ့္သမိုင္းမွာ ေနာင္တမရေစမယ့္ ရပ္တည္ခ်က္နဲ႔ ခံယူခ်က္ေတြအတြက္ေတာ့ လိပ္ျပာလုံလို႔ ေက်နပ္ရပါတယ္

ရင္းခဲ့ရတဲ့ ငယ္႐ြယ္ႏုပ်ိဳမႈေတြ၊ဘဝေတြ အိပ္မက္ေတြ ကေတာ့ ထားပါေတာ့ေလ။ကိုယ့္ထက္စြန္႔လႊတ္ရတဲ့သူေတြၾကားထဲမွာ ကိုယ့္ဆုံးရႈံးမႈေတြကို အေသးစိတ္ထိုင္ညည္းဖို႔ မရဲဘူးေလအသက္ႀကီးလာလို႔ ရင့္က်က္သြားတာပဲလား.. ႀကဳံခဲ့ရတဲ့ အေျခအေနေတြေၾကာင့္ပဲလားေတာ့မသိဘူး။ဒီႏွစ္ေမြးေန႔မွာ အရင္တုန္းကလို အထူးတလည္ ရင္ခုန္ၿပီးေတာ့ က်င္းပခ်င္စိတ္လည္း မရွိေနဘူး။ အတၱေတြနဲ႔ ေနာင္ဘဝ ဘာျဖစ္ပါေစ ညာျဖစ္ ပါေစေတြနဲ႔ တစ္ကိုယ္ရည္အက်ိဳ းေမွ်ာ္မွန္းၿပီးလည္း မလႉတန္းခ်င္ေတာ့ဘူး ။တစ္ကိုယ္ရည္အက်ိဳးထက္ ရင္းထားရတဲ့ ကိုယ့္ရဲ႕ေတာ္လွန္ေရး ရဲေဘာ္ေတြ အားလုံး၊ ျပည္သူေတြအားလုံး လြတ္ေျမာက္ႏိုင္ဖို႔ အက်ိဳးအတြက္ပဲ လႉခ်င္စိတ္ရွိေတာ့တယ္။အဲ့ဒါေၾကာင့္ပဲ ျမတ္ႏိုးရဲ႕ေမြးေန႔ေလးမွာ အမွတ္တရအျဖစ္ Project Dream ဆိုၿပီး Fundraising တစ္ခုလုပ္ျဖစ္သြားတာပါပဲ။

Project Dream Campaign မွာ ျမတ္ႏိုးရဲ႕လက္စြပ္ေလးကို ပ ထမဆု အေနနဲ႔ ထည့္ေပ းထားၿပီးေတာ့ တျခား ဆုမဲ ေလးခု (နားကပ္၊ ဆြဲႀကိဳး ၊ေရေမႊး နဲ႔ လက္ကိုင္အိတ္) ပါဝင္ပါေသးတယ္။ အိပ္မက္ေတြနဲ႔ ေဝးကြာေနရတဲ့ သူေတြအတြက္အိပ္မက္ေတြ အေကာင္အထည္ေဖာ္ဖို႔ ျမတ္ႏိုးရဲ႕ Noels ေတြ အားလုံး ဒီ Project Dream ေလးမွာ ပါဝင္ေပးႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္ဆိုၿပီးေျပာျပလာတာ​ျဖစ္ပါတယ္။

crd

Add a Comment

Your email address will not be published.