ပြည်သူ့အစိုးရက စီစဉ်ရိုက်ကူးတင်ဆက်မယ့် “တော်လှန်ရေးဆိုသည်မှာ”ဆိုတဲ့ ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ပေးသွားမယ့် မင်းသားချော ဒေါင်း…

ပြည်သူ့အစိုးရက စီစဉ်ရိုက်ကူးတင်ဆက်မယ့် “တော်လှန်ရေးဆိုသည်မှာ”ဆိုတဲ့ ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ပေးသွားမယ့် မင်းသားချော ဒေါင်း…

ပရိသတ်ကြီးရေသရုပ်ဆောင်ဒေါင်းကတော့စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတော်လှန်ရေးကြီးမှာတတ်နိုင်တဲ့ဘက်က ပါဝင်ကူညီပေးနေတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ကာကွယ်ရေးဝန်ကြီးဌာနနှင့် PVTV တို့ ပူးပေါင်းတင်ဆက်တော်လှန်ရေးဆိုသည်မှာ ဇာတ်ကားကိုမင်းသားဒေါင်း ၊ သွန်းသွန်း၊ ခန့်တို့က ပါဝင်အားဖြည့်ကူညီပေးထားတာလည်းဖြစ်ပါတယ်။

ဇာတ်ကားအကျဥ်းကတော့ဗိုလ်ကြီးစနေကသူ့ရဲ့ရဲဘော်ရဲဘက် PDF တပ်သားတွေ လက်ရုံးရည်ပါမကနှလုံးရည်ပါပြည့်ဝစေဖို့ သူဖတ်မှတ်လေ့လာသိရှိထားခဲ့တဲ့ကမ္ဘာ့သမိုင်းထဲက တော်လှန်ရေးတွေအကြောင်းရှားရှားပါးပါး အားလပ်ချိန်တွေမှာပြောပြဆွေးနွေးလေ့ရှိပါတယ်။

ခေတ်အဆက်ဆက်ဗိုလ်ကျကြီးစိုးခဲ့တဲ့ စစ်ဘီလူးတို့ရဲ့ခေတ်ကိုအမြစ်ဖြတ်မယ့် မြန်မာ့နွေဦးတော်လှန်ရေးအကြောင်းတွေပါတယ်။စောင့်မျှော် ကြည့်ရှုခံစားကြရင်းတော်လှန်ရေးအတွက်အားတင်းရှေ့ဆက်ကြပါစို့။ လာမည့် ဧပြီ(၃)ရက်၊ တနင်္ဂနွေနေ့ ည(၇) နာရီအချိန်မှ စတင်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။

crd
zawgyi




crd

Add a Comment

Your email address will not be published.