ဆယ်တန်းအောင်တဲ့ ကလေးတွေကို လှောင်သလိုပြောဆိုမိတဲ့အပေါ် တောင်းပန်စကားဆိုလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်..

ဆယ်တန်းအောင်တဲ့ ကလေးတွေကို လှောင်သလိုပြောဆိုမိတဲ့အပေါ် တောင်းပန်စကားဆိုလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်..

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်က(၁၀)တန်းအောင်စာရင်းထွက်တဲ့နေ့က တက္ကသိုလ်ဝင်တန်း ကလေးတွေကို စော်ကားမိလို့ အခုလိုပြန်လည်ဖြေရှင်းလာခဲ့ပါတယ်နော်။ သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ကအချိန်တန်ရင် ငါ့လိုပဲဈေးရာင်းစားကြမှာပဲဟာ ဆိုတဲ့

စာသားဟာ 10တန်းအောင်စာရင်း ထွက်တဲ့နေ့က တက္ကသိုလ်ဝင်တန်း ကလေးတွေ အားလုံးကို စော်ကားလိုစိတ်နဲ့ ရေးတင်မိခဲ့တာမျိုးမဟုတ်ရပါဘူးရှင်၊ နှိုင်းရှင်သူငယ်ချင်း တစ်ယောက်ရဲ့ တူနဲ့ တူမ စာမေးပွဲအောင်လို့ ဖုနိးဆက်ပြီး မုန့်ဖိုးတောင်းတာကြောင့် သူတို့အားစချင်နာက်ချက်စိတ်တစ်ခုထဲနဲ့ ဘာမှမစဉ်းစားပဲ ခေါင်းလျှော်ဆိုင်မှာ ခေါင်းလျှော်ရင်း တင်လိုက်မိခြင်း ဖြစ်ပါတယ်ရှင်။

တင်ပီးပီးချင်းမှာ မှားသွားပီဆိုတာချက်ချင်းသိလိုက်ပြီး 5မိနစ်အကြာမှာ ချက်ချင်း ပြန်ဖျက်ခဲ့မိပါတယ်၊တမင်ရည်ရွယ်ပြီး စော်ကားလိုစိတ်မရှိပေမယ့် public နဲ့ရေးပီး တင်မိလိုက်တဲ့အတွက်လည်းနောင်တရလို့မဆုံးပါဘူးရှင်၊ ဒါကြောင့်ခုလိုရေးမိခြင်းအား အနူးအညွတ်တောင်းပန်ပါကြောင်း နောက်နောင် ဘယ်ပညာရေးကိုမှ စော်ကားမိစေတဲ့သဘောဆန္ဒတွေမရှိအောင်သတိပြုနေထိုင်သွားပါ့မယ်လိုလည်း ကတိပေးပါတယ်ရှင်။

တက္ကသိုလ်ဝင်တန်းတက်ကြတဲ့ ကလေးတွေရော တခြား အတန်း တက်နေသော ကလေးများနှင့် ကလေးမိဘများကိုပါ ရိုသေစွာတောင်းပန်ပါတယ်ရှင်ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

crd
zawgyi




crd

Add a Comment

Your email address will not be published.